သုတမြေ application ဟာ စိုက်ပျိုးရေးတောင်သူများအတွက် အထူးရည်ရွယ် ထုတ်လုပ်ထားသော application ဖြစ်သည့်အပြင် မိဘပြည်သူများအတွက် စိုက်ပျိုးရေးသာမက အခြားစိတ်ဝင်စားဖွယ် အကျိုးရှိမည့် ကဏ္ဍများစွာပါဝင်ပါတယ်။

စိုက်ပျိုးရေးနှင့် ပတ်သက်သော သတင်း၊ အင်တာဗျူး၊ မိုးလေ၀သ၊ ကုန်သွယ်ရေး စသည့်ကဏ္ဍများအပြင် တောင်သူများ သိသင့်သိထိုက်သည့် စိုက်ပျိုးရေးဥပဒေများ၊ သိလိုရာမေး အမေးအဖြေ ကဏ္ဍ၊ နေ့စဉ်နဲ့အမျှပြောင်းလဲနေသော ကုန်စည်ဈေးနှုန်းများ၊ စနစ်ကျသော စိုက်ပျိုးရေးနည်းပညာများ စသည်တို့ကိုပါ ဖတ်ရှုနိုင်ပါတယ်။

အခြားစိတ်ဝင်စားဖွယ် ကဏ္ဍများကတော့ နောက်ဆုံးရသတင်းများ အလှအပနှင့် ကျန်းမာရေးကို မြတ်နိုးသော စာဖတ်ပရိတ်သတ်များအတွက် သင့်တော်သော ဆောင်းပါးများ ချက်နည်းပြုတ်နည်းများကို စိတ်ဝင်စားသော သူများအတွက် လွယ်ကူသက်သာ စားဖိုဆောင်မှတ်တမ်းနှင့် အခြားစိတ်ဝင်စားဖွယ်ရာ ဗီဒီယိုများ လေ့လာစရာများစွာတို့အပြင် သင်ဧ၊၊် အတိတ်နိမိတ်ကံကြမ္မာများကို တွက်ချက်သိရှိနိုင်မယ့် ဗေဒင်ကဏ္ဍတို့ပဲဖြစ်ပါတယ်။